"ကိုင်းဖြတ်မျိုးပွားနည်း"
လိုအပ်သောပစ္စည်းများ
(A)ကျန်းမာသန်စွမ်းသည့်မျိုးရင်းအပင်
(B)မြစ်ပွားဆေး
(C)လက်လုပ်အလှဆင်ပန်းထိုးရာတွင်သုံးသည့်ရေမြုတ်တုံး
(D)လေလုံအလင်းပေါက် ပျိုးကန်
၁ -ကျန်းမာသန်စွမ်းတဲ့ မူရင်းပင်မှ အညွန့်ရင့်များကို သုံးလက်မခန့်ဖြတ်ပါ။
အညွန့်နှင့် အရွက်များကို ပုံပါအတိုင်းဖြတ်ထားပါ
အကိုင်းကိုလည်းတိတိကျကျ
ဖြတ်ထားရန်လိုပါမည်။
၂- ဖြတ်ထားတဲ့အညွန်ကိုင်းများကို ရေသန့်ဖြင့်စိမ်ပြီးဆေးပေးရန်လိုအပ်ပါသည်။
၃- မြစ်ပွားဆေး ကို ကိုယ်တိုင်လုပ်နိုင်ပါသည်။
ပြုလုပ်နည်းမှာ
မျှင်ငပိ အကောင်းစားတစ်ဇွန်းနှင့်
အားဖြည့်အချိုအရည် တစ်လုံး
M150 တံဆိပ်ရောစပ်မွေပြီး
ရေ ၅ လီတာနှုန်းပြန်ရောကာကိုင်း ဖြတ်ညွန့် များ ရေမြုတ်တုံးလေးများကို နာရီဝက်ခန့်စိမ်ရပါမည်။
၄ - ၁ လက်မခွဲ ပတ်လည်ဖြတ်ထားသော ရေမြုတ်တုံးအမာများတွင်
ဖြတ်ညွန့်များကို ထိုးစိုက်ပါ ပြီးလျင် ပျိုးကန်အတွင်းစီထည့်ပြီး
ရေမွှာဖြန်းပြီး လေလုံအလင်းရသော ပစ္စည်းများဖြင့်ဖုံးအုပ်ပါ
ပျိုးကန်ကို အေးမြ ပြီအလင်းရောင်ရသောနေရာတွင်ထားပါ
ပျိုးကန်ကို ကွန်ကရစ်ကန် သို့မဟုတ် ပလပ်စတစ်ကန်များကိုသုံးနိုင်သည်။
၅ - အပင် များကိုရေထပ်လောင်းရန်မလိုပါ ၄၅ ရက်မှ ၆၀ အတွင်းအမြစ်ကျပါသည်။
အမြစ်ကျလျှင် အလိုရှိရာ ပျိုးအိတ် အိုးများအတွင်းပြောင်းနိုင်ပါသည်။
အခုဖော်ပြသောနည်းမှာ အပင်ပုအောင်လုပ်သောနည်းလည်းဖြစ်ပါသည်။
ဒူးရင်း မင်းဂွတ် မရမ်း သရက် မာလကာ ပိနဲ္န စသည့်အပင်ကြီးမျိုးများပုပုနှင့်မြန်မြန်သီးအောင်
လုပ်သည့်နည်းလည်းဖြစ်ပါသည်။
အသီးသီးပြီးသားအပင်မှမျိုးကိုင်းယူရန် လိုပါသည်။
ထိုင်း ဘာသာမှပြန်ဆို စမ်းသပ်ထားသော နည်းများဖြစ်ပါသည်။
Credit: Thant Thant
No comments:
Post a Comment
Send Comment