"လိုအပ်သောပစ္စည်းများ"
- M150 အချိုရည် ၁ လုံး
- M 150 ပုလင်းအလွတ် ၁ လုံး
- အချိုမှုန့် အထုပ်သေး ၁ထုပ် (85g)
"ပြုလုပ်နည်း"
=========
- M 150 အချိုရည်တစ်ပုလင်းကို ပုလင်းအလွတ်တစ်လုံးနဲ့ ညီမျှစွာ ပုလင်းဝက်စီ
ခွဲလိုက်ပါ။
- ပြီးနောက် အချိုမှုန့်အထုပ်သေးအားဖောက်ပြီး အချိုရည်ပုလင်း
(၂) ပုလင်းစီသို့ ညီမျှစွာထည့်ပြီး သမအောင် အဖုံးပိတ်ပြီးခါလိုက်ပါ။
- ထို့နောက် မိနစ် (၃၀) ခန့်စိမ်ထားရပါမည်။
- မိနစ်၃ဝကြာသောအခါ လိုအပ်သော အသီး အပွင့်အားဆေးကို ရရှိပါပြီ။
"အသုံးပြုနည်း"
===========
ရရှိလာသောဆေးရည်ကို တစ်ပုလင်းလျှင် ရေ၁၅လီတာရော၍ အပင်အားအပွင့်ထွက်ချိန်တွင်ပက်ဖြန်းနိုင်သည်။ ပက်ဖြန်းရာတွင် အပွင့် အရွက်နှင့်အရွက်၏
အောက်ဘက်ပိုင်းတွင် ပက်ဖြန်းရန်လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် အပင်တစ်ပင်၏ အစာချက်လုပ်သည့် အစိတ်အပိုင်းသည် အရွက်၏အောက်ခြေတွင် ရှိသောကြောင့်ဖြစ်သည်။ ဤနည်းဖြင့် အပင်၏ အပွင့်အသီးအား ၇၀%ခန့်
အကျိုးဖြစ်ထွန်းစေမှာပါ။
တောင်သူများကြီးပွားချမ်းသာကြပါစေ။
Credit; Nai Banyar
No comments:
Post a Comment
Send Comment