Wednesday, May 8, 2019

■ ခရမ်းချဥ်စိုက်ပျိုးနည်း

 မူရင်း⁠ဒေသ ⁠

အောင်အ⁠မေရိကတိုက်၊ ပီရူး⁠နိုင်ငံ အမျိုးအစား ခရမ်းချဉ်ကို အရိုင်းမျိုး၊ မီးဖို⁠ချောင်သုံး Table type , Cherry type ⁠နှင့် processing type ဟူ၍ ခွဲ⁠ခြားစိုက်ပျိုး⁠လေ့ရှိပါသည်။ အရိုင်းမျိုးမှာ အချဉ်ဓာတ်ပါဝင်မှု ⁠မြင့်မား⁠ပြီး အသီးအရွယ်အစား⁠သေး⁠ခြင်း၊ အခွံပါး⁠ခြင်း⁠နှင့် အ⁠စေ့ပါဝင်မှုများ⁠ပြား⁠ခြင်း ရာသီဥတုဒဏ်( အပူချိန်⁠မြင့်မားမှု) ကို ပိုမိုခံ⁠နိုင်ရည်ရှိ⁠ခြင်း ⁠ရောဂါဒဏ်ခံ⁠နိုင်မှုရှိ⁠ခြင်း⁠ကြောင့် မျိုးစပ်⁠ခြင်းလုပ်ငန်းတွင် များစွာအသုံးဝင်ပါသည်။ မီဖိုး⁠ချောင်သုံး⁠နှင့် Table Type ခရမ်းချဉ်သီးများမှာ အလုံးအရွယ်အစားအသင့်အတင့်မှ ⁠ကြီးမား⁠ပြီး အ⁠စေ့ပါဝင်မှု နည်းပါးသည်။ အနည်းငယ်⁠အေး⁠သော ⁠ဒေသများတွင် ပို၍ စိုက်ပျိုး⁠ဖြစ်ထွန်းမှု အား⁠ကောင်းပါသည်။ Cherry tomato ခရမး်ချဉ်သီးတွင် အချိုဓါတ်ပါဝင်မှု ⁠မြင့်မားပါသည်။ စက်ရုံးသုံးခရမ်းချဉ်သီးမျိုးမှာ အခွံထူ အ⁠နှစ်များ⁠ပြီး အသီးရင့်မှည့်ချိန် ညီညာမှုရှီသည့်အတွက် စက်⁠ဖြင့် အလွယ်တကူရိတ်သိမ်း⁠နိုင်ပါသည်။

(က) တိုင်⁠ထောင်မျိုး(Indeterminate)

 အပင်⁠ကြီးထွားပုံမှာ အဖျားတွင် အညွန့်⁠နှင့် အဆုံးသတ်⁠လေ့ရှိသည်။ ပန်းခိုင်တစ်ခု⁠နှင့် တစ်ခု⁠ကြားတွင် အဆစ်(၂) ဆစ်မှ အထက်ရှိသည်။ ⁠ပြုစု⁠စောင့်⁠ရှောက်မှု⁠ကောင်းပါက တစ်⁠နှစ်ခံ⁠ပြင်အ⁠ဖြစ် စိုက်ပျိုး⁠နိုင်ပါသည်။ စိုက်ပျိုးရာတွင် တိုင်⁠ထောင်၊ တန်းပစ်၊ ⁠ကြိုးချည်၊ အတက်ဖဲ့⁠ခြင်း လုပ်ငန်းများ မှန်မှန်⁠ဆောင်ရွက်ရန် လိုအပ်ပါသည်။

 (ခ) တိုင်လွတ်မျိုး( Determinate)

အပင်⁠ကြီးထွားပုံမှာ အဖျားတွင် ပန်းခိုင်⁠နှင့် အ⁠မြဲတမ်း အဆုံးသတ်⁠လေ့ရှိသည်။ ပန်းခိုင်တစ်ခု⁠နှင့်တစ်ခု⁠ကြားတွင် အဆစ်(၃) ဆစ်သာ ရှိသည်။ စက်ရုံသုံးခရမ်းချဉ်သီးအားလုံး ဤအုပ်စု⁠အောက်တွင်ပါဝင်⁠ပြီး မိုးလွတ်ကင်း⁠သော ⁠ဆောင်း⁠နှင့် ⁠နွေဥတုတွင် စိုက်ပျိုးသည်။

 စိုက်ပျိုးသည့်⁠ဒေသ

အပူပိုင်း⁠ဒေသ⁠နှင့် သမ⁠နေးပိုင်း⁠ဒေသတွင် ⁠ကောင်းမွန်စွာ စိုက်ပျိုး⁠ဖြစ်ထွန်းသည်။ ⁠မြန်မာ⁠နိုင်ငံအ⁠နေ⁠ဖြင့် မ⁠န္တ⁠လေးတိုင်း၊ စစ်ကိုင်းတိုင်း⁠နှင့် ရှမ်း⁠ပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုး⁠ကြပါသည်။ သမ⁠နေးပိုင်းရာသီဥတုရှိသည့် ရှမ်း⁠ပြည်နယ်တွင် တစ်⁠နှစ်ပတ်လုံးစိုက်ပျိုး⁠နိုင်သည်။ ⁠မြေနှင့် ရာသီဥတု ⁠​နှေး⁠သောရာသီဥတုကို ⁠ကြိုက်⁠နှစ်သက်သည်။ နံနက်ပိုင်းအပူချိန် (၁၅) ဒီဂရီစင်တီဂရိတ်တွင် ပန်းပွင့်မှုမှာ အ⁠ကောင်းဆုံး⁠ဖြစ်သည်။ ညဘက်တွင် အလွန်⁠ခြောက်⁠သွေ့ပူ⁠ပြင်း⁠ပြီး အပူချိန် (၁၃) ဒီဂရီစင်တီဂရိတ်ထက် နိမ့်ကျလျှင်လည်း⁠ကောင်း၊ (၃၂) ဒီဂရီစင်တီဂရိတ်ထက် ⁠မြင့်လျှင်လည်း⁠ကောင်း၊ ခရမ်းချဉ်အပွင့်များ မျိုးမ⁠အောင်အသီးမတင်⁠ဖြစ်ရမည်။ ပူလွန်း⁠ခြင်း၊ ⁠အေးလွန်း⁠ခြင်းစသည့် လွန်ကဲ⁠သော ရာသီဥတုအ⁠ခြေအ⁠နေမျိုးတွင် အပင်ကို ⁠သေ⁠စေ⁠နိုင်သည်။ ပျှမ်းမျှအပူချိန် (၁၈-၁၅) ဒီဂရီစင်တီဂရိတ်ရရှိလျှင် အပင်⁠ဖြစ်ထွန်းမှု အ⁠ကောင်းဆုံး ⁠ဖြစ်ပါသည်။ ခရမ်းချဉ်ကို ⁠မြေအမျိုးအစားများစွာတွင် စိုက်ပျိုး⁠ဖြစ်ထွန်း⁠နိုင်သည်။ အသင့်⁠တော်ဆုံးမှာ ⁠နုန်း⁠မြေနှင့် ⁠နုန်းစနယ်⁠မြေဖြစ်ပါသည်။ ⁠ရေဝပ် ⁠သော⁠မြေကို လုံး၀⁠ရှောင်ကျဉ်ရမည်။ ⁠မြေအချဉ်အငံဓါတ် (၅.၅-၇.၀) တွင် အ⁠ကောင်းဆုံး⁠ဖြစ်သည်။ ⁠မြေအချဉ်ငံဓါတ်(၅.၅) ထက် နိမ့်ကျ ပါက ထုံးထည့်၍ စိုက်ပျိုးရန် လိုအပ်ပါသည်။

အသီးပုံသဏ္ဍန်

Deep globe, Oblate, Rectangular ⁠နှင့် Plum ဟူ၍ ခွဲ⁠ခြား⁠နိုင်ပါသည်။ အသီးညှာတွင် အစိမ်းရစ်ပါ⁠သောမျိုး (Green Shoulder) ⁠နှင့် မပါ⁠သောမျိုးဟူ၍ ⁠ပေါ်လွင်စွာ ခွဲ⁠ခြား⁠လေ့ရှိပါသည်။ အသီးထိပ်တွင် (Pointed, Semi-pointed, Smooth ⁠နှင့် Sink) ဟူ၍ (၄) မျိုး ခွဲ⁠ခြားထားပါသည်။ အသီး⁠ရောင်အ⁠နေ⁠ဖြင့် အနီ၊ ပန်း⁠ရောင် ⁠နှင့် အဝါ ဟူ၍ အုပ်စု(၃) ခု ခွဲ⁠ဖြားထားပါသည်။

ပျိုး⁠ထောင်⁠ခြင်း

 စနစ်တကျ⁠ပြု⁠ပြင်ထား⁠သော ပျိုး⁠ဘောင်တွင် တစ်တန်း⁠နှင့် တစ်တန်း (၂) လက်မ⁠ခြား စိုက်တန်းများ ⁠ဖြောင့်တန်းစွာစွဲ၍ တစ်⁠စေ့⁠နှင့်တစ်⁠စေ့ လက်မဝက်⁠ခြားစီ မျိုး⁠စေ့တန်းချကာ ⁠မြေဆွေးမှုန့်⁠ဖြင့် ခပ်ပါးပါးဖုံးအုပ်⁠ပေးရန် လိုသည်။ ⁠ပြီးလျှင် ⁠ရေ၀⁠အောင်⁠လောင်း⁠ပေး၍ ⁠ကောက်ရိုး၊ ⁠မြက်⁠ခြောက်၊ သက်ကယ်(သို့မဟုတ်) စပါးခွံ⁠ဖြင့် ခပ်ပါးပါးဖုံးအုပ်⁠ပေးရန် လိုသည်။ ခရမ်းချဉ်ပျိုး⁠ဘောင်တွင် ⁠ရောစပ်ရမည့် ⁠မြေအချိုး⁠နှုန်း မှာ လယ်⁠မြေနှစ်ဆ ⁠မြေဆွေးတစ်ဆ⁠နှုန်း ⁠ဖြစ်ပါသည်။ ⁠ရေ⁠လောင်း⁠ခြင်းကို နံနက်ပိုင်းတွင်သာ ⁠ဆောင်ရွက်၍ ပိုးမွှား⁠ရောဂါအ⁠ခြေအ⁠နေကို စဉ်ဆက်မ⁠ပြတ် ⁠ကြည့်ရှုစစ်⁠ဆေး⁠ပေးရန် လိုသည်။ ရာသီလွန်အခါမဲ့ (Off-season) စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ်မျိုး⁠စေ့များကို( ၂.၅’×၁×၅’) အရွယ် ပျိုး⁠သေတ္တာများတွင် အသင့်⁠ရောစပ်⁠ပြီး ⁠မြေဆွေးများထည့်၍ အထက်⁠ဖော်⁠ပြပါ အကွာအ⁠ဝေးအတိုင်း အတန်းလိုက်တစ်⁠စေ့⁠ခြင်း စီချကာ ပျိုး⁠ထောင်ရန် လိုအပ်ပါသည်။ အပင်⁠ပေါက်⁠ပြီး (၁၀-၁၅) ရက်သား ရွက်မှန် (True Leaf) (၂) ရွက်ထွက်ချိန်တွင် (၄) လက်မ ထိပ်ဝအချင်းရှိ⁠သော ပလတ်စတစ်အိတ် သို့မဟုတ် ပျိုးခွက်များတွင် ⁠ရွေ့⁠ပြောင်းစိုက်ပျိုးရန် လိုအပ်ပါသည်။ အဆိုပါ ပျိုးခွက်အတွင်းရက် (၂၀-၂၅) ရက်ထားရှိကာ ထာဝရစိုက်ခင်း သို့ ⁠ရွေ့⁠ပြောင်းစိုက်ပျိုး⁠နိုင်ပါသည်။ ပျိုး⁠ဘောင်⁠ဖြင့် ပျိုး⁠ထောင်ထားပါက ပျိုး⁠လောင်⁠ပေါ်တွင် (၄×၂) ⁠ပေ အကွာထား၍ ပျိုး⁠ထောင်⁠ပြီး ပျိုးသက် (၃၀-၃၅) ရက်သားတွင် အစိုဓါတ် လုံ⁠လောက်⁠သော စိုက်ခင်းအတွင်းသို့ မွန်းလွဲည⁠နေပိုင်းည⁠နေခင်းများတွင် ⁠ရွေ့⁠ပြောင်းစိုက်ပျိုး⁠နိုင်ပါသည်။

 မျိုး⁠စေ့⁠နှုန်း

 တစ်ဧကမျိုး⁠စေ့ (၁၀၀) ဂရမ်⁠နှုန်း၊ အပင် (၈၀၀၀ မှ ၁၀၀၀၀) အထိဝင်ဆန့်⁠အောင် စိုက်ပျိုးရမည်။ ⁠

မြေသြဇာ⁠နှုန်းထား ⁠

နွား⁠ချေး၊ ⁠မြေဆွေး – ၈-၁၀ တန် ယူရီးယား (၅၀) ကီလို – ၂ အိတ် တီစူပါ (၅၀) ကီလို – ၂ အိတ် ပိုတက်ရှိ (၅၀) ကီလို – ၃ အိတ် ⁠နွား⁠ချေး၊ တီစူပါ⁠နှင့် ပိုတက်ရှိတစ်ဝက်တို့ကို ⁠မြေပြု⁠ပြင်ချိန်တွင် ထည့်သွင်း၍ ကျန်⁠မြေသြဇာများကို အပင်လှန်ချိန်၊ ပန်းစတင်ပွင့်ချိန်၊ ပထမပန်းခိုင်အသီးတင်ချိန်၊ ပထမအ⁠ကြိမ် အသီးခူးဆွတ်ချိန်⁠နှင့် ဒုတိယအ⁠ကြိမ် အသီးဆွတ်ချိန်တွင် ထပ်မံထည့်သွင်းရန် လိုအပ်ပါ သည်။ ⁠

မြေပြု⁠ပြင်နည်း 

မြေအ⁠ခြေအ⁠နေ⁠ပေါ်မူတည်၍ ထယ် (၂) စပ်မှ (၄) စပ်ထို⁠ပြီး ထွန်⁠ရေးညက်သည်အထိ (၁၆)သွား ထွန်ဝင်⁠ပေးရန်လိုအပ်ပါသည်။ ခရမ်းချဉ်အ⁠မြစ်သည် တည့်မတ်စွာ ⁠မြေအနက် (၃) ⁠ပေခန့်အထိ ဆင်း⁠နိုင်သည့်အတွက် ထယ်⁠ရေးနက်ရန်လိုအပ်သည်။ မိုးများ⁠ဒေသတွင် ⁠ရေမဝပ်⁠စေရန် ⁠ရေ⁠နှုတ်⁠မြောင်းလုပ်⁠ပေးရသည်။ ထွန်⁠ရေးညက်လျှင် ⁠ကြမ်းတုံးရိုက်၍ တစ်တန်း⁠နှင့်တစ်တန်း (၃) ⁠ပေ တစ်ပင်⁠နှင့်တစ်⁠ပေ (၂) ⁠ပေ⁠ခြား စိုက်ပျိုးရပါမည်။ စိုက်ပျိုးနည်း ပျိုးသက် (၃၀ မှ ၃၅) ရက်သား (သို့မဟုတ်) ပျိုးပင်ရွက်မှန်အဆင့် (၆-၈) ရွက်တွင် စိုက်ခင်းသို့ ⁠ရွေ့⁠ပြောင်းစိုက်ပျိုးသည်။ မွန်းလွဲပိုင်း ⁠နေပူရှိန်စတင်ကျဆင်းချိန်တွင် ⁠ကြိုတင်⁠ရေ⁠လောင်းထား⁠သော ပျိုးခင်းမှ ပျိုးပင်က⁠လေးများကို လက်ထိုးတူရွှင်း⁠ဖြင့် အ⁠မြစ်မထိခိုက်⁠စေရန် တူးယူ⁠ပြီး အ⁠မြစ်ကို ⁠ပြောင်စင်⁠အောင် ⁠ရေ⁠ဆေးရမည်။ မစိုက်ပျိုး⁠သေး⁠သော ပျိုးပင်ငယ်များကို အရိပ်⁠အောက်တွင် အ⁠မြစ်⁠ရေ⁠နှစ်ကာ ထားရှိ ရန်လိုပါသည်။

အပင်⁠ပြုစုနည်း 

ရွေ့⁠ပြောင်းစိုက်ပျိုး⁠ပြီး (၁၅) ရက်ခန့်အ⁠ကြာ အပင်လှန်ချိန်တွင် ပထမအ⁠ကြိမ် ခါးဆွ⁠မြေတောင်⁠မြောက်⁠ပေး၍ ⁠မြေသြဇာ⁠ကျွေးရန် လိုအပ်ပါ သည်။ ယင်းအချိန်တွင် မိမိစိုက်ပျိုး⁠သော မျိုးအ⁠ပေါ်မူတည်၍ တိုင်⁠ထောင်မျိုးဆိုပါက လိုအပ်⁠သော အတက်ဖဲ့⁠ပေး⁠ခြင်း၊ တိုင်⁠တောင်တန်းပစ်၊ ⁠ကြိုးချည်⁠ပေး⁠ခြင်း⁠ပြုလုပ်ရမည်။ ခရမ်းချဉ်အတက်ဖဲ့နည်းမှာ ပထမဆုံးထွက်ရှိလာ⁠သော ပန်းခိုင်⁠အောက်ရှိ အရွက်⁠ကြားမှ ⁠ပြူထွက်လာ⁠သော ⁠ဘေးတက်အား သီးကိုင်း အ⁠ဖြစ် ⁠မွေး⁠မြူချန်လှပ်ကာ ကျန်⁠အောက်ဖက်ရှိ ⁠ဘေးတက်အားလုံးကို ဖဲ့⁠ချွေ⁠ပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးထားရှိ⁠သော ခရမ်းချဉ်ပင်အား၊ ခရမ်းချဉ်သီး ⁠ဈေးကွက်အ⁠ခြေအ⁠နေအရလည်း⁠ကောင်း၊ မျိုး⁠စေ့ထုတ်လုပ်ရန် ရည်ရွယ်ထားရှိမှုအရ လည်း⁠ကောင်း၊ အပင်ပုံသွင်း⁠ပြုစုနည်းကို ( ၃) မျိုး ခွဲ⁠ခြား⁠ဆောင်ရွက်⁠နိုင်သည်။

(က)   ပင်စည်(၃) ကိုင်းထားရှိ⁠ခြင်း

 တစ်ပင်⁠နှင့်တစ်ပင် (၂) ⁠ပေ⁠ခြား စိုက်ပျိုးလျှင် သင့်⁠တော်ပါသည်။ အပင်လှန်⁠ပြီး (၁၅) ရက်သားတွင် မူလပင်စည်မှ ထွက်⁠သော ပန်းခိုင် ⁠အောက်မှကပ်လျက်⁠ဘေးတက်အား ဒုတိယပင်စည်(သီးကိုင်း)အ⁠ဖြစ် ⁠မွေး⁠မြူရပါမည်။ ၎င်း⁠အောက်ရှိ ⁠ဘေးတက်များအားလုံး ဖဲ့⁠ချွေပစ် ရပါမည်။ ပထမပင်စည်မှ ဖူးပွင့်လာ⁠သော ဒုတိယပန်းခိုင်⁠အောက်ရှိ အရွက်⁠ကြားမှ ထွက်လာ⁠သော ⁠ဘေးတက်မှ ဒုတိယပင်စည် (သီးကိုင်း) မှ ထွက်⁠သော ပထမပန်းခိုင်⁠အောက်မှ ကပ်လျက်တည်ရှိသည့် အရွက်⁠ကြားမှ ထွက်လာ⁠သော⁠ဘေးတက်(၂) ခုအား သန်စွမ်း ⁠ကြီးထွားမှု ⁠နှိုင်းယှဉ်⁠လေ့လာကာ ပိုမိုသန်စွမ်းသည့် ⁠ဘေးတက်ကို တတိယပင်စည်( သီးကိုင်း) အ⁠ဖြစ် ဆက်လက် ⁠မွေး⁠မြူချန်လှပ်ထား ရှိရပါမည်။ ပင်စည်(၃) ကိုင်း⁠ပေါ်တွင် ထွက်ရှိလာ⁠သော ⁠ဘေးတက်မှန်သမျှ အားလုံး⁠ချွေပစ်⁠ခြင်းကို ပုံမန်⁠ဆောင်ရွက်⁠ပေးရန် လိုပါသည်။ ပင်စည် ( သီးကိုင်း) တစ်ခုစီ⁠ပေါ်တွင် ပန်းခိုင်(၄-၅) ခိုင်စီ ထွက်ရှိ⁠ပြီးပါက အဆိုပါ သီကိုင်း (၃) ခု စလုံးအား ⁠ခေါင်ညွန့်⁠နှိမ်⁠ပေးရမည်။

 (ခ) ပင်စည် (၂) ကိုင်း ထားရှိ⁠ခြင်း

 အထက်⁠ဖော်⁠ပြပါ ပင်စည်(၃) ကိုင်းထားရှိသည့် အပင်ပုံသွင်း⁠ပြုစုနည်းစနစ်အတိုင်း ⁠ဆောင်ရွက်၍ ဒုတိယပင်စည် (သီးကိုင်း)ရရှိ⁠ပြီးချိန် တွင် ပင်စည်( ၂) ကိုင်းလုံး⁠ပေါ်ရှိ ထွက်⁠ပြူလာသမျှ⁠သော ⁠ဘေးတက်များအားလုံးကို ဖဲ့⁠ချွေပစ်ရန် လိုအပ်ပါသည်။ ကိုင်း⁠ဖြတ်ပုံသွင်းနည်း စနစ်သည် သီး⁠နှံ⁠ဈေး⁠နှုန်း ⁠အေးချိန် ကျချိန်များတွင် သီးထွက်⁠နောက်ကျထွက်⁠စေရန် အချိန်ဆွဲ စိုက်ပျိုးနည်းစနစ်⁠ဖြစ်ပါသည်။

(ဂ) ပင်စည်ထီးထီးထားရှိ⁠ခြင်း

ခရမ်းချဉ်ပျိုးပင်များအား စိုက်ကွက်ထဲ့သို့ ⁠ရွေ့⁠ပြောင်းစိုက်ပျိး⁠ပြီး အပင်လှန်ချိန်တွင် စတင်၍ မူလပင်စည်(Main Stem) မှ ထွက်⁠ပြူလာ ⁠သော ⁠ဘေးတကများအားလုံး ဖဲ့⁠ချွှေပစ်၍ ပင်စည်သီးကိုင်းတစ်ခုတည်းထားရှိ စိုက်ပျိုး⁠သောစနစ်⁠ဖြစ်ပါသည်။ ဤနည်း⁠ဖြင့် ခရမ်းချဉ် ပင်တန်း အကွာအ⁠ဝေးကို (၂-၃) ⁠ပေအထိ စိုက်ပျို⁠နိုင်သည့်အတွက် တစ်ဧကတွင် မူလပင်စည်မှ ထွက်လာ⁠သော ပန်းခိုင်များကို သီးလာမည့် ခရမ်းချဉ်သီး အရွယ်အစား⁠ကြီးမား⁠ခြင်း၊ အ⁠ရောင်အ⁠သွေး ပိုမိုစို⁠ပြေတောက်ပ⁠ခြင်း စသည့် အကျိုးများစွာ ရရှိ⁠နိုင်ပါသည်။ ⁠ရေသွင်းနည်း စိုက်⁠ဘောင်⁠ဖြင့် စိုက်ပျိုးပါက ⁠ရေ⁠လောင်းစနစ်၊ ⁠ရေ⁠ဖြန်းစနစ်(Sprinkler)၊ အစက်ချစနစ်(Drip irrigation) တို့ကို ⁠ဆောင်ရွက်⁠ခြင်း⁠ဖြင့် အပင်⁠ဖြစ်ထွန်းမှု ပိုမို⁠ကောင်းမွန်ပါသည်။ ⁠မြောင်း⁠ဖြင့် ⁠ရေ⁠ပေးသွင်း စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ်ပင်များ ⁠ရွေ့⁠ပြောင်းစိုက်ပျိုး⁠ခြင်းမ⁠ပြုမီ ⁠ရေသွင်း ⁠မြောင်းမ ⁠နှင့် ⁠မြောင်းလက်တံများ လိုအပ်သလို ⁠ကြိုတင်⁠ပြု⁠ပြင်ထားရပါမည်။ မိုးရာသီ စိုက်ပျိုးပါက ⁠ဘောင်⁠ဖော်စိုက်ပျိုးရန်⁠နှင့် ⁠ရေထုတ်⁠မြောင်းများ ⁠ကောင်စွာ⁠ြ့ပုလုပ်ထား⁠ပြီး၊ အ⁠ခြေအ⁠နေ⁠ပေးပါက ပလပ်စတစ်စ⁠ဖြင့် ဖုံးအုပ်စိုက်ပျိုးရန် လိုအပ်ပါသည်။

ပိုးမွှာ⁠ရောဂါကာကွယ်⁠ခြင်း

ခရမ်းချဉ်ပျိုးခင်းတွင် အပင်⁠ပေါက်⁠ပြီး (၁၅) ရက်သားတစ်⁠ကြိမ် မ⁠ရွေ့⁠ပြောင်းမီ (၂) ရက်ခန့်အလိုတွင် တစ်⁠ကြိမ် ပင်လုံး⁠ပြန့် သတ္တိရှိသည့် (Systemic Action) ပိုးသတ်⁠ဆေးများ⁠ဖြင့် ပက်ဖျန်းကာကွယ်⁠ပေးရန် လိုအပ်ပါသည်။ ၎င်းအချိန်တွင် မှိုသတ်⁠ဆေးများ⁠ဖြစ်သည့် Deconil, Topsim (၂၀၀ ဂရမ်/⁠ရေ (၄) လီတာ) ⁠နှုန်းကို ပိုးသတ်⁠ဆေး⁠နှင့် အတူ⁠ရောစပ်ပက်ဖျန်း⁠နိုင်ပါသည်။ ပျိုးခင်းတွင် ခါးရိ⁠ရောဂါ (Damping Off) ကျ ⁠ရောက်တတ်သ⁠ဖြင့် အထက်ပါမှိုသတ်⁠ဆေးများ⁠ဖြင့် ပက်ဖျန်းကာကွယ်⁠နိုင်ပါသည်။ စိုက်ခင်းတွင် အဓိကကျ⁠ရောက်⁠သောပိုးများမှာ (Thrip) ⁠လှေပိုး White fly ⁠နှင့် သီးလုံး⁠ဖောက်ပိုးများ ကျ⁠ရောက်တတ်ပါသည်။ ဒီစစ်ပိုးသတ်⁠ဆေး⁠ဖြင့် ကာကွယ်⁠နိုင်ပါသည်။ အဓိက ကျ⁠ရောက်သည့် ⁠ရောဂါမှာ ⁠လောင်မည်း⁠ရောဂါ (Late Blight) ⁠နှင့် (Early) တို့⁠ဖြစ်⁠ပြီး Ridomil, Mangozeb တို့⁠ဖြင့် ကာကွယ်⁠နှိမ်⁠နှင်း⁠နိုင်ပါသည်။ ရိတ်သိမ်း⁠ခြင်း ခရမ်းချဉ်သီးအတွက် အသီးတင်ချိန်မှ ရင်မှည့်ချိန်အထိ သင့်⁠တော်မည့်အဆင့်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ ခရမ်းချဉ်သီးအစိမ်း⁠ရောင် မှ အစိမ်း⁠ဖျော့ ထိုမှတဆင့် အ⁠ဖြူ⁠ရောင်များလာချိန်တွင် ခူးဆွတ်ပါက အ⁠ဝေး⁠ဈေးကွက်သို့ တင်ပို့နိုင်⁠ပြီး၊ လမ်းခရီးတွင် အပျက်အစီး အဆုံးအရှုံး သက်သာမည် ⁠ဖြစ်ပါသည်။ ⁠ဒေသဝန်းကျင်⁠ဈေးတွင် စာပို့⁠ဆောင်⁠ရောင်းချမည်ဆိုပါက ဝမ်း⁠ပြင်အဆင့် အဝါ⁠ရောင်⁠ပြောင်းစ အသီးများကို ဆွတ်ခူး⁠ရောင်းချ⁠နိုင်ပါသည်။ မျိုး⁠စေ့ထုတ်ရန်အတွက်မူ အပင်⁠ပေါ်တွင် ⁠ကောင်းစွာရင့်မှည့်သည်အထိ ထားရန် လိုအပ်ပါ သည်။ စနစ်တကျစိုက်ပျိုးပါက ကုန်း⁠မြေတွင် အထွက်⁠နှုန်း (၅၀၀၀-၈၀၀၀) ပိဿာ/တစ်ဧက ထွက်⁠နိုင်⁠ပြီး အင်း⁠လေ⁠ဒေသတွင် တစ်ဧက လျှင် ပိဿာချိန်(၁၀၀၀၀) ထွက်ရှိ⁠နိုင်ပါသည်။
Credit..

Credit –ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း

■လီလီပန်း စိုက်ပျိုးနည်း

တစ်ဧက စိုက်ပျိုးလျှင် သိန်းထောင်ဂဏန်းရတဲ့ Lily Flowers 



လီလီပန်းကတော့ ရန်ကုန်မြို့ဈေးကွက်မှာဆိုရင် တစ်စည်းကို ၁၅၀၀ရာဝန်းကျင် နှစ်ပင်ပဲပါပါတယ် ။ တစ်ပင်ကို လေးပွင့်မှ ငါးပွင့်အထိပဲပါတယ်။ အပင်ကြီး အပွင့်ကြီး အဖူးလည်းလှတာဖြစ်လို့ ဘုရားပန်းကပ်ရတာ အင်မတန်မှကျက်သရေရှိပါတယ် ။

တကယ်လို့များရှမ်းပြည်အနေနဲ့ ရာသီပေါ်အပင်များကို စိုက်ပျိုးတဲ့အခါ ပြင်ဦးလွင်မြို့ကို နည်းယူပြီး စိုက်ပျိုးနိုင်ရင် ပြင်ဦးလွင်လို ကြီးပွားမှာသေချာပါတယ် ။ :-) :-) 


နေရာဒေသမရွေးစိုက်ပျိုးနိုင်ပါသည်။

အလင်းရောင်ကို နှစ်သက်သည်။ နေရာကောင်းရဖို့လိုသည်။

လောင်းရိပ်ကျလွန်းပါက ကောင်းစွာကြီးထွားမှု မရှိပါ။

အထူးသဖြင့်နံနက်နေရောင် ကောင်းစွာရဖို့လိုပါသည်။:-) :-) 


ရေဝပ်ဒဏ်ခံနိုင်ခြင်းမရှိပါ။ မြေဘောင်လုပ်၍ စိုက်ပျိုးပေးပါ။

မြေဘောင်ကို နွားချေးများများနဲ့ နှပ်ထားပါ ။

အကျယ် ၃ ပေ ပြုလုပ်ပါ ပေါင်းမြတ်များ ရှင်းလင်းရလွယ်ကူရန်

ဖြစ်ပါတယ် ။ :-) :-) 


မြေစေးလျှင် သဲနှုန်းမြေ ။ မြေဆွေး ။ နွားချေး(သို့) ကြက်ချေး

မြေသြဇာ 50:30:20 အချိုးရောစပ်ပြီး စိုက်ပျိုးပါ။မြေဘောင်ကို

ကြိုတင်ပြင်ဆင်ပြီး တစ်လကျော်မှသာစိုက်ပျိုးပါ။ :-) :-) 


အကောင်းဆုံးနည်းမှာ လီလီပန်းမျိုးဥနှင့် ဓါတ်မြေသြဇာ။ နွားချေးမြေဆွေးတို့နှင့်  တိုက်ရိုက်ထိတွေ့၍ မရပါ။ 

မျိုးဥ ပျက်စီးနိုင်ပါသည ်။ ဥမှ ထွက်လာသောအမြစ်များနှင့်သာ

 မြေသြဇာများထိတွေ့ရန် လိုအပ်ပါသည်။ :-) :-) 


 စိုက်ဘောင်အား ၃ ပေအကျယ် ဘောင်အရှည် အဆင်ပြေသလို 

ပြုလုပ်နိုင်ပါသည်။ တစ်ပင်နှင့်တစ်ပင် ၉ လက်မ ပတ်လည် စိုက်ပျိုးပါ။ အပင်ထွက်လာပြီး ရက် ၂၀ - တစ်လသားအရွယ်တွင် ပေါင်းလိုက်၍အစာကျွေးပါ။ :-) :-) 


မှိုသတ်ဆေး အပင်အားဆေး ပိုးသတ်ဆေးများကို လိုအပ်သလို

ပက်ဖြန်းနိုင်ပါသည်။ မျိုးဥများကို စတင်၍ ရောင်းချပေး နေလျက်ရှိပါသည်။ :-


မျိုးဥ တစ်ဥလျှင် ၁၀၀ ကျပ်နှုန်းဖြစ်ပါသည်။ ပြင်ဦးလွင်မြို့မှ ပို့ပေးမည်ဖြစ်ပါသည် ။

မျိုးဥ ရောက်ရောက်ချင်းစိုက်ပျိုးနိုင်ဖို့ မြေဘောင်တွေ ကြိုတင်

ဆောင်ရွက်ထားဖို့ လိုပါသည် ။ :-) :-) 


ပျိုးဥနုလျှင် အပင်မအောင်ပါ။ ပျိုးဥအရင့်များကို ရွေးချယ်စိုက်ပျိုးဖို့

အဓိကလိုပါတယ် ။ စက်တင်ဘာလမှာ စတင်စိုက်ပျိုးလို့ရပါပြီ။

စိုက်ပြီး ၁၅ ရက်ဆို နုထွားတဲ့ အပင်တွေ စထွက်လာပြီး ၃ လဆို

အပွင့်ဖူးလိုက်ပါပြီ။ တပေါင်းလမှာ အပွင့်တွေ ရောင်းလို့ရပါပြီ။ :-) 


အပွင့်ရောင်းပြီး အပင်များကို ဒီအတိုင်းထားပါ။ မျိုးဥရယူရန်ဖြစ်ပါတယ်

မျိုးဥအရင့်များကို သြဂုတ်လမှာ တူးယူနိုင်ပါတယ်။ အပင်တစ်ပင်လျှင်

မျိုးဥ ၅ ဥ ခန့် ပြန်လည်ရရှိပါတယ် ။ တူးယူထားသည့် မျိုးဥများကို

အရိပ်ထဲတွင် ၃ ရက်ခန့် အခြောက်ခံပြီး ကပ်နေသည့်မြေကြီးများကို

ဖယ်ရှားလိုက်ပါ ။ :-) :-) 


မျိုးဥကို အခြောက်ခံထား၍မရပါ ။ ဝယ်သူလိုအပ်သည့်ရက်နှင့်

ချိန်၍ မျိုးဥတူးယူရပါတယ်။ ဝယ်ယူသူမှလည်း ချက်ချင်းစိုက်ပါ။

သို့မှသာ အပင်ပေါက်အား ကောင်းမှာ ဖြစ်ပါတယ် ။ :-) 


အချို့ ငွေကြေးတတ်နိုင်သူများက ပန်းအိုးငယ်လေးများဖြင့် လည်းကောင်း ၊ ပျိုးအိတ်အကြီးများဖြင့်လည်းကောင်း

 စိုက်ပျိုးတာလည်း ရှိပါတယ် ။ :-) :-) 


အပူချိန်များလျှင် အပူကာ ပြုလုပ်ပေးလျှင် ပိုကောင်းပါသည် ။

အမှန်တကယ် ပြုစုပေးလျှင် တစ်ဧက သိန်းထောင်ဂဏန်း

ရရှိမယ့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါတယ် ။ :-)


■ နဂါးမောက်ပင်စိုက်ပျိုးနည်း


အပင်အမျိုးအစား
------------------
တွယ်တက်ပင်နှင့် မြေပေါ်တွားသွား၍ပေါက်သော ရေငတ်ခံနိုင်သည့် ရှားစောင်း၊ မျိုးနွယ်ဝင်အပင် ဖြစ်သည်။ ပင်စည် သုံးမြှောင့်ပုံရှိသည်။ ပင်စည်အနားတွင် ဆူးငယ်များရှိသည်။ မျိုးအလိုက် ဆူးအတိုအရှည်နှင့် ဆူးအရေအတွက် ကွာခြားသည်။ ပင်မပင်စည်၏ အဖူးမှထွက်လာသော ပင်စည်သစ်သည် သက်တမ်းနှစ်နှစ်သားရှိလာလျှင် ပန်းပွင့်နိုင်သည်။ ညနေပိုင်း (သို့မဟုတ်) ညပိုင်းတွင် ပန်းပွင့်နိုင်သည်။ နေထွက်လာလျှင် ပန်းပွင့်ငုံသွားသည်။ ပွင့်ဖတ်သည် အစိမ်းရောင်သန်းသော အဝါရောင် ရှိသည်။ ပွင့်ချပ်သည် နို့နှစ်ရောင်ရှိသည်။ အသီးအရောင်မှာ မျိုးအလိုက် အနီရောင်၊ ပန်းရောင်၊ အဝါရောင်သန်းသော ပန်းရောင်ရှိသည်။ အသီးလုံး ပတ်လည်တွင် နဂါးမောက်ကဲ့သို့ ကော့ပြန့်နေသော အဖတ်များရှိသည်။ အတွင်းသား အရောင်အဖြူရောင်မျိုးနှင့် အနီရောင်မျိုးများကို စီးပွားဖြစ် စိုက်ပျိုးသည်။ အစေ့မှာ အမဲရောင် ဖြစ်သည်။

မျိုးစေ့ရွေးချယ်ခြင်း
--------------------
မျိုးတူသော်လည်း ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့် အသီးအရည်အသွေး ကွာခြားနိုင်သည်။ သို့ဖြစ်၍ ကျန်းမာသန်စွမ်းပြီး သီးထွက်ကောင်းသော အပင်မှ အစိမ်းရင့်ရောင်ရှိ ရှည်လျားသော ပင်စည်ကို ဖြတ်ယူမျိုး ပွားပါက ပျိုးပင်ထုတ်လုပ်ရန် မိခင်အပင်အဖြစ် မျိုးကောင်း၍ သီးထွက်ပုံမှန်ရှိသော အပင်ကို ထားရှိပါ။ စီးပွားဖြစ်စိုက်ပျိုးရန် ပျိုးပင်များကို ၎င်းအပင်မှ ပွားများ ရယူပါ။

စိုက်ပျိုးခြင်း
-------------
၁။ ပင်ခြား၊ တန်းခြား (၉၊ ၉) ပေ သို့မဟုတ် (၉၊၁၂) ပေထား၍ (၄၊၄) လက်မ သို့မဟုတ် လုံးပတ်ထွာဆိုင်ရှိ မျော်တိုင် (သို့မဟုတ်) အချင်း (၆) လက်မခန့်ရှိ ကွန်ကရိပြွန်ကို မြေပြင်အထက် (၆) ပေ ရရှိအောင် စိုက်ပါ။ ကွန်ကရိပြွန်ကို သုံးပါက ကွန်ကရိပြွန်အခြေကို အင်္ဂတေဖြင့် လုံအောင်ပိတ်ပြီးမှ တိုင်စိုက်ပါ။ ကွန်ကရိပြွန်အတွင်း ရေထည့်ပေးနိုင်ရန် ဖြစ်သည်။ တိုင်ထိပ်တွင် အကိုင်းများ တွဲခိုရန် (၄) ပေပတ်လည် သစ်သားခွေ ပြုလုပ်ပေးပါ။
၂။ စိုက်ထားသော တိုင်ပတ်လည်တွင် တိုင်မှ (၄) လက်မ မှ (၆) လက်မခွာ၍ (၁၊၁၊၁၊) ပေရှိ အပင်စိုက်ကျင်း (၄) ကျင်း တူးပါ။
၃။ စိုက်ကျင်းများထဲသို့ NPK အချိုး (၁၅း၁၅း၁၅) ဓါတ်မြေသြဇာ ဟင်းစားဇွန်း (၂) ဇွန်းနှင့် သဘာဝမြေဆွေး (၈) ပြည်ခန့်ကို အပေါ်ယံမြေနှင့် မြေအောင်း ပိုးသတ်ဆေးတစ်မျိုးမျိုး(Feradan,Regent,Lasban)နှင့်သမအောင်ရောမွှေ၍ ဖြည့်ပေးပါ။ စိုက်ကျင်းအထက် (၆) လက်မအမြင့်သို့ ဘောင်ပြုလုပ်ပါ။ ရေဝပ်သောနေ ရာတွင် ရေနုတ်မြောင်း ပြုလုပ်ပေးရန်လိုပါသည်။
၄။ စိုက်ကျင်းအလယ်တည့်တည့်တွင် မိခင်အပင်မှ ဖြတ်ယူထားသော နဂါးမောက်ပင်စည်ကိုင်းဖြတ်ကို (၄) လက်မခန့် မြေမြှပ်စိုက်ပျိုးပါ။ ပင်စည်ကိုင်းပြတ်သည် အချားအနည်းဆုံး (၈) လက်မရှိသင့်သည်။ စိုက်ပျိုးပြီး အပင်ကို နှစ်ပတ်အထိ အရိပ်ပြုလုပ်ပေးပါ။ တိုင်တွင်ကပ်ချည်ပေးပါ။ မြေကြီး စိုစွတ်ရုံ ရေလောင်းပေးပါ။
၅။ မြြေုကီးအစိုဓါတ်မပြတ်စေရန် ပုံမှန်ရေသွင်းပါ။ မြေအမျိုးအစားနှင့် ရာသီဥတုအလိုက် (၅) ရက်မှ (၁၀) ရက်ခြား တစ်ကြိမ်ရေသွင်းပေးပါ။

အပင်ပြုစုခြင်း
----------------
ပေါင်းမြက်ကင်းရှင်းရန် တူရွင်း၊ ပေါက်ပြားတို့ဖြင့် ရှင်းလင်းပေးခြင်း အပင်ခြေပတ်လည်တွင် ကောက်ရိုးမြက်ခြောက်သော မြေဖုံးပစ္စည်းများနှင့် ဖုံးအုပ်ပေးခြင်း ပေါင်းသတ်ဆေးအသုံးပြု၍ နှိမ်နင်းပေးခြင်း နည်းများဖြင့် ဆောင်ရွက်နိုင်ပါသည်။

credit


■ရေမြုပ်တုံးဖြင့် ကိုင်းဖြတ်မျိုးပွားနည်း



"ကိုင်းဖြတ်မျိုးပွားနည်း"


လိုအပ်သောပစ္စည်းများ

(A)ကျန်းမာသန်စွမ်းသည့်မျိုးရင်းအပင်

(B)မြစ်ပွားဆေး 

(C)လက်လုပ်အလှဆင်ပန်းထိုးရာတွင်သုံးသည့်ရေမြုတ်တုံး

(D)လေလုံအလင်းပေါက် ပျိုးကန်


၁ -ကျန်းမာသန်စွမ်းတဲ့ မူရင်းပင်မှ အညွန့်ရင့်များကို သုံးလက်မခန့်ဖြတ်ပါ။

   အညွန့်နှင့် အရွက်များကို ပုံပါအတိုင်းဖြတ်ထားပါ

   အကိုင်းကိုလည်းတိတိကျကျ

ဖြတ်ထားရန်လိုပါမည်။


၂-  ဖြတ်ထားတဲ့အညွန်ကိုင်းများကို ရေသန့်ဖြင့်စိမ်ပြီးဆေးပေးရန်လိုအပ်ပါသည်။

     

၃-  မြစ်ပွားဆေး ကို ကိုယ်တိုင်လုပ်နိုင်ပါသည်။

ပြုလုပ်နည်းမှာ

 မျှင်ငပိ အကောင်းစားတစ်ဇွန်းနှင့်

  အားဖြည့်အချိုအရည် တစ်လုံး

    M150 တံဆိပ်ရောစပ်မွေပြီး

ရေ ၅ လီတာနှုန်းပြန်ရောကာကိုင်း ဖြတ်ညွန့် များ ရေမြုတ်တုံးလေးများကို နာရီဝက်ခန့်စိမ်ရပါမည်။


၄ - ၁ လက်မခွဲ ပတ်လည်ဖြတ်ထားသော ရေမြုတ်တုံးအမာများတွင်

     ဖြတ်ညွန့်များကို ထိုးစိုက်ပါ   ပြီးလျင် ပျိုးကန်အတွင်းစီထည့်ပြီး

    ရေမွှာဖြန်းပြီး လေလုံအလင်းရသော ပစ္စည်းများဖြင့်ဖုံးအုပ်ပါ

    ပျိုးကန်ကို အေးမြ ပြီအလင်းရောင်ရသောနေရာတွင်ထားပါ

    ပျိုးကန်ကို ကွန်ကရစ်ကန် သို့မဟုတ် ပလပ်စတစ်ကန်များကိုသုံးနိုင်သည်။


၅ - အပင် များကိုရေထပ်လောင်းရန်မလိုပါ ၄၅ ရက်မှ ၆၀ အတွင်းအမြစ်ကျပါသည်။

    အမြစ်ကျလျှင် အလိုရှိရာ ပျိုးအိတ် အိုးများအတွင်းပြောင်းနိုင်ပါသည်။

  အခုဖော်ပြသောနည်းမှာ အပင်ပုအောင်လုပ်သောနည်းလည်းဖြစ်ပါသည်။


ဒူးရင်း မင်းဂွတ် မရမ်း သရက် မာလကာ ပိနဲ္န စသည့်အပင်ကြီးမျိုးများပုပုနှင့်မြန်မြန်သီးအောင်

လုပ်သည့်နည်းလည်းဖြစ်ပါသည်။

အသီးသီးပြီးသားအပင်မှမျိုးကိုင်းယူရန် လိုပါသည်။

ထိုင်း ဘာသာမှပြန်ဆို စမ်းသပ်ထားသော နည်းများဖြစ်ပါသည်။


 Credit: Thant Thant




























Tuesday, May 7, 2019

■ အလွယ်ကူဆုံးအသီးအပွင့်အားဆေးပြုလုပ်နည်း



"လိုအပ်သောပစ္စည်းများ"


- M150 အချိုရည် ၁ လုံး
- M 150 ပုလင်းအလွတ် ၁ လုံး
- အချိုမှုန့် အထုပ်သေး ၁ထုပ် (85g)

"ပြုလုပ်နည်း"
=========
- M 150 အချိုရည်တစ်ပုလင်းကို ပုလင်းအလွတ်တစ်လုံးနဲ့ ညီမျှစွာ ပုလင်းဝက်စီ
ခွဲလိုက်ပါ။
- ပြီးနောက် အချိုမှုန့်အထုပ်သေးအားဖောက်ပြီး အချိုရည်ပုလင်း
(၂) ပုလင်းစီသို့ ညီမျှစွာထည့်ပြီး သမအောင် အဖုံးပိတ်ပြီးခါလိုက်ပါ။
- ထို့နောက် မိနစ် (၃၀) ခန့်စိမ်ထားရပါမည်။
- မိနစ်၃ဝကြာသောအခါ လိုအပ်သော အသီး အပွင့်အားဆေးကို ရရှိပါပြီ။

"အသုံးပြုနည်း"
===========
ရရှိလာသောဆေးရည်ကို တစ်ပုလင်းလျှင် ရေ၁၅လီတာရော၍ အပင်အားအပွင့်ထွက်ချိန်တွင်ပက်ဖြန်းနိုင်သည်။ ပက်ဖြန်းရာတွင် အပွင့် အရွက်နှင့်အရွက်၏
အောက်ဘက်ပိုင်းတွင် ပက်ဖြန်းရန်လိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် အပင်တစ်ပင်၏ အစာချက်လုပ်သည့် အစိတ်အပိုင်းသည် အရွက်၏အောက်ခြေတွင် ရှိသောကြောင့်ဖြစ်သည်။ ဤနည်းဖြင့် အပင်၏ အပွင့်အသီးအား ၇၀%ခန့်
အကျိုးဖြစ်ထွန်းစေမှာပါ။
တောင်သူများကြီးပွားချမ်းသာကြပါစေ။

Credit; Nai Banyar

■စက္ကူပန်းကိုင်းကူး/ဆက်နည်း

ဈေးကွက်ဝင် ၅သောင်းမှ ၂သိန်းခွဲဝန်းကျင်ရရှိနိုင်သော စက္ကူပန်းတစ်ပင်မှ ရောင်စုံပွင့်စေသည့် ကိုင်းကူးကိုင်းဆက်နည်း။ 1 လိုအပ်သောပစ္စည်းများ ✂ကပ်ကြေးထက်ထက်တစ်လက် 🔪 ဘရိတ်ဓားတစ်ချောင်း 🔑ရေစိုခံတိတ်အကြည် တစ်ခွေ 2 ရှင်သန်နေသော စက္ကူပင်မတစ်ပင် သို့ တစ်အိုး (Main အပင်) 3 ကူးချင်သည့်အရောင်ပါသည့် ကိုင်းရင့်ကို ၂ပေလောက်ဖြတ်ပါ 4 ဖြတ်ထားသည့်ကိုင်းအပင်မှအရွက်များညပ်ထုတ်ပါ 5 ရင့်သောအရင်းနေရာမှ အရိုးအား ဘလိတ်ဓားဖြင့် ခြစ်ထုတ်ပါ 6 အတွင်းသား အစိမ်းရောင်အကြောနားရောက်သည်အထိခြစ်ပါ 7 အရောင်စုံပွင့်စေလိုသည့် Main အပင်မကြီး၏ မိမိကူးလိုသော အကိုင်းနေရာမှအရိုးကို အလယ်မှ ဓားဖြင့်ခွဲပါ အဆစ်ထိရောက်အောင်ခွဲပါ။ 8 ခုနဖြတ်ထားသော အရိုးကို အလယ်ခွဲထားသောအပင်မကြီးအရိုးထဲသို့ ညှပ်ထည့်ပါ။နှစ်ပင်ပေါင်းပြီး အရိုးချင်းဆက်သွားပါမည်။ 9 ရေစိုခံတိတ်ဖြင် ပတ်စည်းပါ။ 10 ၃ပတ်ကြာလျှင် အပင်ကိုင်းကူးသွားပါပြီ။ အောက်ပါပုံများကိုကြည့်ပြီးလည်း လေ့လာစမ်းသပ်နိုင်ပါပြီ။ မတူညီသော ကိုင်းဆက်နည်းများကို ပြထားပါသည်။လ လက်တွေ့လုပ်ကြည့်ခြင်းဖြင့် ဗဟုသုတရရှိပြီး စီးပွားရေးလုပ်နိုင်ကြပါစေ။ 









Credit: bouhainvillea

■ ခရမ်းချဥ်စိုက်ပျိုးနည်း

  မူရင်း⁠ဒေသ  ⁠ အောင်အ⁠မေရိကတိုက်၊ ပီရူး⁠နိုင်ငံ အမျိုးအစား ခရမ်းချဉ်ကို အရိုင်းမျိုး၊ မီးဖို⁠ချောင်သုံး Table type , Cherry type ⁠နှင့် pr...